အင်းစိန်မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ပထမအကြိမ်ထိုးနှံ

အင်းစိန်  ဖေဖော်ဝါရီ  

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်၌ ယမန်နေ့ နံနက် ၈ နာရီ အချိန်က ကိုဗစ်-၁၉ရောဂါ လျော့နည်းပပျောက်ရေးအတွက် covid ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံပြီး (၆)လ ပြည့်ပြီးသော ဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ကို မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးတွင် ထိုးနှံပေးခဲ့သည်။

ဆေးထိုးရာတွင်ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ တစ်ဌာနချင်း တစ်ဦးနှင့်တစ်ဦး ၃ပေအကွာ မှ နေ၍ ကျန်းမာရေးဝန်ထမ်းများက အပူချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင် ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိသူများအား ဆေး ထိုးနှံပြီး မိနစ်(၃၀)အကြာ စောင့်ဆိုင်းပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်း သိရသည်။

အဆိုပါ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ကိုအင်းစိန်မြို့နယ်အတွင်း  ဌာန ၂၇ ဌာနရှိ နိုင်ငံဝန်ထမ်းပေါင်း(၁၆၉)ဦးကိုထိုးနှံပေးခဲ့ပြီး covid-၁၉ ကာကွယ်ဆေးထိုးနှံပြီး (၆)လပြည့် ပြည်သူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နှင်းနှင်း(ပြန်/ဆက်)