အမြို့မြို့အနယ်နယ်သတင်းများ

Feb 08,2022
(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အကြို အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုနေ့ အကြောင်း သိကောင်းစရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် (၁၀) နာရီအချိန်က ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဇွန်တောင်မြို့နယ်ရုံး၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 08,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၏ စီစဉ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Covid shield) ထိုးနှံပြီး၍ ကာလ(၆) လနှင့် အထက်ရှိသူ၊ အသက်(၆၅)နှစ်အထက် အဘိုး၊ အဘွားများနှင့် ဌာန ဆိုင်ရာဝန်ထမ်းများအား (Booster Dose) ထပ်မံထိုးနှံ ပေးလျက်ရှိသည်။
Feb 08,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့သည်။
Feb 08,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVISHIELD) နှစ်ကြိမ် ထိုးနှံပြီး သည့် ဝန်ထမ်းများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်သာသနာ့ဗိမာန်တွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Feb 08,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ လူမှုဝန်ထမ်းဦးစီးဌာနက မအူပင်မြို့ ဘိုးဘွားရိပ်သာ၌ မြန်မာကလေးများနေ့အထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်(၇)နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Feb 08,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre) တွင် ယနေ့နံနက် (၉)နာရီအချိန်က ယာဉ် စည်းကမ်းလမ်းစည်းကမ်း အသိပညာပေး (Talk Show) ပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 08,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ်ရှိ ကျေးလက်တောင်သူများ မြေအောက်ရေသွင်း စိုက်ပျိုးကြသည့် တိုင်ထောင်ခရမ်းချဉ် စိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး ခရမ်းသီးပေါ်ချိန် တစ်ပိသာ ၉၀၀ကျပ် ရောင်းချနေရခြင်းကြောင့် ခရမ်းချဉ်စိုက်ပျိုးတောင်သူများ မိသားစုဝင်ငွေ တွက်ခြေကိုက် နေကြကြောင်း ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာခရမ်းချဉ် စိုက်ပျိုးတောင်သူ ဦးဝင်းမောင်ထံက သိရသည်။
Feb 08,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယ‌နေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ စတင်ထိုးနှံပေးကြောင်း သိရသည်။