မြိတ် ဖေဖော်ဝါရီ ၈
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ လူမှုဝန်ထမ်းဦစီးဌာန မူလတန်းကြိုကျောင်းတွင် မြန်မာ နိုင်ငံကလေးများနေ့ အထိမ်းအမှတ် မူလတန်းကြိုကလေးငယ်များ၏ ကာယ/ဉာဏ စွမ်းရည် ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဖေဖော်ဝါရီ(၈)ရက် နံနက်ပိုင်းက ကျင်းပခဲ့သည်။
ကာယ/ဉာဏ စွမ်းရည်ပြိုင်ပွဲကို မူကြိုကလေးငယ်များက အသက်ကျောက်ဆောင် သီချင်းသီဆို ဖွင့်လှစ်ခဲ့ကြပြီး အပြေးပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ အရောင်ရွေးပြိုင်ပွဲ၊ ရေဘူးဖြည့်ပြိုင်ပွဲ၊ ရုပ်ပုံဆက်ပြိုင်ပွဲ၊ ထိုင်ခုံလုပြိုင်ပွဲများကို မူကြိုကလေးငယ်များက ပျော်ရွှင်စွာ ယှဉ်ပြိုင်ကစားခဲ့ ကြရာ မိဘအုပ်ထိန်းသူများနှင့် ဆရာ/မများက ကြည့်ရှုအားပေးခဲ့ကြသည်။
ပြိုင်ပွဲများအပြီးတွင် ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိကြသော မူကြိုကလေးငယ်များအား လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းနှင့် တာဝန်ရှိသူများက ဆုတံဆိပ်များနှင့် အာဟာရမုန့်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)