ခရမ်း ဖေဖော်ဝါရီ ၈
ရန်ကုန် တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အမိမြန်မာနိုင်ငံတော်အတွင်း နေထိုင်သည့် တိုင်းရင်းသားများအားလုံး နေထူး နေ့မြတ်ဖြစ်သည့် ပြည်ထောင်စုနေ့ကိုအစဉ်အမြဲ သတိရစေရေး ရည်ရွယ်ပြီး ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ် မြောက် (စိန်ရတု) ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေး (Talk Show )ကို ယမန်နေ့မွန်းလွဲ( ၃ )နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲ၌ ခရမ်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းဝေနှင့် ခရမ်းမြို့နယ် Book Clubအဖွဲ့ဝင် ဦးတင်ရွှေတို့က ပြည်ထောင်စုနေ့ ပေါ်ပေါက်လာပုံအကြောင်းအရာများ၊ ပြည်ထောင်စု စိတ်ဓာတ်နှင့် ပြည်ထောင်စုနေ့အကြောင်း သိကောင်း စရာများကို အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ကိုမင်း(ခရမ်း)