ကျိုက်လတ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကျိုက်လတ်  ဖေဖော်ဝါရီ  

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီတို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါပိုးကူးစက်မှုများ ရှိလာနေပြီဖြစ်သကဲ့သို့ ၊ယနေ့ကျိုက်လတ် မြို့နယ် ရုံးဒေါင့်တိုက်နယ်ဆေးရုံတွင်ဆေးလာရောက်ပြသရာမှရောဂါပိုးရှိမရှိRDTဖြင့်စစ်ဆေးခဲ့ရာရောဂါပိုးတွေ့ရှိသူ() ဦး စတင်တွေ့ရှိ‌နေပြီ ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ကူးစက်မှုကာကွယ် ထိန်းချုပ်နိုင်ရေး ဆောင်ရွက်ရန် အတွက် မြို့ ထိပ်လုံခြုံရေး စစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများအား ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထားမှု စစ်ဆေးရန်နှင့်သံသယရှိပါက RDT Test Kit ဖြင့်အခမဲ့စစ်ဆေးခြင်းများအထူးကြပ်မက်‌ဆောင်ရွက်ရန်နှင့်ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများ ဆေးကုသမှုခံယူရန် မြို့နယ်ပြည်သူ့‌ဆေးရုံ ကုသဆောင်တွင်ထားရှိကုသလျက်ရှိပြီး၊ မိုးကုတ်ဓမ္မရိပ်သာတွင်လည်း ပိုးတွေ့လူနာများ အတွက် ဆေးကုသဆောင်ပြုလုပ် ထားရှိနိုင်ရေးအတွက်ကော် မတီများအလိုက် ဖွဲ့စည်း၍အမြန်ဆုံးပြင်ဆင်နိုင်‌ရေး အကြပ်မက်ဆောင်ရွက် သွားရန်ဆွေးနွေး ပြောကြားခဲ့ရာ တက်ရောက်လာသည့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များက ဆောင်ရွက်ရမည့် လုပ်ငန်းနှင့်ပတ်သတ်၍ သိရှိလိုသည်များတင်ပြဆွေးနွေးရာ   မြို့နယ် အုပ်ချုပ်ရေးမှူး  ဦးကျော်ဇေယျကပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ကျိုက်လတ်မြို့သို့လာ‌ရောက်ကြမည့်ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ဈေးဝယ် လာ‌ရောက်သူ ပြည်သူများ အားလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ကတ်ပြား ယူဆောင်လာကြရန်လိုကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့်မလိုအပ်ပဲခရီးမထွက်ကြရန်၊ ရန်ကုန်မှပြန်ရောက်သည့်သူများရှိပါက ကျန်းမာရေး စစ်ဆေး ပြီးမှ လုပ်ငန်းခွင်ဝင်ရန်နှင့် သံသယရှိပါ RDT Test  Kit ဖြင့်အခမဲ့စစ်ဆေးပြီး ပိုးတွေ့ရှိပါက မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသခြင်း (၁၁)ရက်ခံယူရမည်ဖြစ် ကြောင်း သိရသည်။

ဌေးဌေးလှိုင်