ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်(သင်္ဃန်းကျွန်း)မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်စေရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲ(၁)နာရီ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက တက်ရောက်လာသူများအား စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာ ကိုကိုလေး ရေးသားထားသော ပင်လုံစာအုပ်ဖြင့် စာရေးဆရာမ ညွန့်ညွန့်(ကလော)က စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ပြီး ဆရာမက "ဒီစာအုပ်ထဲမှာ အခန်းပေါင်း (၉)ခန်း ပါဝင်ပြီး ပင်လုံစာချုပ်ချုပ်ဆိုခဲ့ပုံများ၊ ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးကြသော ကိုယ်စားလှယ်တော်ကြီးများအကြောင်း" ကို မြို့နယ်အတွင်းရှိ စာပေချစ်မြတ်နိုးသူ စာဖတ်ပရိသတ်များနှင့် အတူ ၎င်းစာအုပ်ပါအကြောင်းအရာများကို အမြင်ချင်း ဖလှယ်ကာ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်၊၊

စန္ဒာမိုး