လမိုင်း ဖေဖော်ဝါရီ ၈
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်းနှင့် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့မွန်းလွဲပိုင်းက မြို့မ(၂) ရပ်ကွက် (အ.လ.က) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ကျောင်းသား၊ကျောင်းသူများအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာသက်နှင့် ဆရာမများက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုစိတ်ဓာတ် မွေးမြူထားရှိသင့်သည့် အကြောင်းအရာများအား ဟောပြောပေးသည်။
ထို့နောက် ဟောပြောပွဲအပြီးတွင် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအား လမိုင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကိုလည်း အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဖြူဖြူအေး(ပြန်/ဆက်)