ဒေါပုံ ဖေဖော်ဝါရီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနမှပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့၊ နံနက် ၁၀ နာရီက ဒေါပုံမြို့နယ်အတွင်းရှိ ပြည်သူများကို ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒေါပုံမြို့နယ်ရုံးမှ ဒုလ.ဝ.မှုး ဒေါ်အေးအေးမော်၊ ဒေါ်သင်းသင်းမူတို့နှင့် ဝန်ထမ်းများက အဖွဲ့ခွဲ၍ ဒေါပုံမြို့နယ် သင်္ဘောကျင်းရပ်ကွက်၊ ဗိုလ်ထွန်းဇံရပ်ကွက်အတွင်းရှိ ပြည်သူများအားပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ် ပြည့်ပြီးသူ (၂၀)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီးသူ (၂၀)ဦးတို့အတွက် နိုင်ငံသား စိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စု(၁၃)စု တို့အတွက် အိမ်ထောင်စုလူဦးရေစာရင်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးလမ်း ညွှန်ချက်များနှင့် အညီ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဒေါပုံမြို့နယ်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေကတ်ပြားများ ကိုင်ဆောင်နိုင်ရန် ၂၀၂၁ခုနှစ် မေလ ၃ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့ အထိ (၁၈)လကြာ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)