ရန်ကင်း ဖေဖော်ဝါရီ ၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ရပ်ကွက်နှင့် အတွင်းလိုက်လံကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီက ရန်ကင်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက် အေးငြိမ်းချမ်းသာဓမ်မာရုံတွင် ဒေသခံတိုင်းရင်းသားပြည်သူများအား မှတ်ပုံတင်ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကင်းမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးသိန်းမောင်နှင့် တိုက်နယ် တာဝန်ခံ လဝကမှူးဒေါ်ဝေမာ၊ လဝကမှူးဒေါ်ကြည်ဝင်းတို့က ပန်းခင်းစီမံချက်ဖြင့် ရန်ကင်းမြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ပြီး ဆောင်ရွက်ပြီးမှတ်ပုံတင်ကတ်ပြားများအား ပြည်သူများလက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက်အား ၂၀၂၁ ခုနှစ် မေလ၃ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့အထိ (၁၈)လကြာ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လဝကမြို့နယ်ဦးစီးမှူးရုံးတွင်လည်း နေ့စဉ်ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)