ကျောက်ပန်းတောင်းမြို့နယ်တွင် မကျည်းသီးပွဲရုံများသို့ မကျည်းသီးမှည့်များ စတင်ဝင်ရောက်

ကျောက်ပန်းတောင်း  ဖေဖော်ဝါရီ  ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် မန်ကျည်း သီးမှည့်များ ဈေးကွက်သို့စတင် ဝင်ရောက်လာနေပြီး မကျည်းလှောင် ပွဲစားများ မကျည်း သီးမှည့်များ စတင်ကောက်ယူနေပြီ ဖြစ်ကြောင်း သိရသည်။

ကျောက်ပန်းတောင်း မြို့နယ်တွင် ကျေးရွာအုပ်စု (၁၀၉)အုပ်စုရှိပြီး၊ ကျေးရွာပေါင်း (၃၃၉)ရွာရှိကာ ကျေးရွာတိုင်းတွင် မကျည်းပင်၊ မကျည်းတောများ အင်မတန်ပေါများကာ မကျည်းသီးသီးနှုန်းမှာလည်း ယခုနှစ်အသီးသီးနှုန်းကောင်းမွန်ပြီး၊ မကျည်းသီးဆွတ်ခူး ရောင်းချိန် ရာသီစလာပြီဖြစ်ကြောင်း သိရသည်။

မကျည်းပင်များ အပင်ပေါက်မှစတင် အပွင့်ပွင့် အသီးသီးချိန်သည် နှစ်နှစ်ဆယ်ခန့ ်ကြာမြင့်ပြီး မကျည်ပင်ပျိုရောက်ရှိရန် နှစ်နှစ်ဆယ် ခန့်ကြာမြင့်ကြောင်း၊ မကျည်းပင်များ သပ်သပ်စိုက်ပျိုးမှုမရှိပဲ အိမ်ခြံစည်းရိုး၊ ယာခြံစည်း ရိုးများမှအပင်ကြီးများသာ ထားရှိကြောင်း ဦးချစ်ထွေးကရှင်းပြသည်။ ကျောက်ပန်းတောင်း မြို့နယ်ထွက် မကျည်းသီးများအနက် နတ်ကန်လည်၊ လျှော်တော၊ ပြင်မကျီး၊ ညောင်ဖြူပင်၊ မုန့်ကုန်း၊ ကျေးရွာထွက် မကျည်းသီးများသည် အကျည်းအသားပါရှိမှုများခြင်း၊ မကျည်းအတောင့် (အဆစ်)ရှည်ခြင်းများကြောင့် ပွဲစားများအကြိုက်ဖြစ်ကာ မကျည်းဈေးနှုန်းမှာလည်း အခြားဒေသထွက် မကျည်းများထက် ဈေးနှုန်းပိုပေးဝယ်ယူရကြောင်း သိရသည်။

ရှေးဘိုးဘွားများအဆိုအရ မကျည်းတစ်လှည့်၊ ဆီးတလှည့်ဟု ဆိုခဲ့သော်လည်း နှစ်စဉ်နှစ်တိုင်း မကျည်းသီးများ ပြွတ်သိပ်နေအောင်သီးသည့် အပင်များလည်း ရှိကြောင်း သိရသည်။ ရှေးဘိုးဘွားများသည် နှစ်ရှည်သီးနှံပင်များကို နှောင်းလူငယ်တို့အား စာချိုးဖြင့်သင်ကြား လေ့ရှိရာ မကျည်းသီးမှည့်ချိန်ခူးဆွတ်ရာတွင် အပင်ကိုင်းဖျားများအား ဆယ်ပေခန့် အရှည်ရှိသည့် ကိုင်ကောင်းဝါးဖြောင့်ဖြောင့်ဖြင့် ရိုက်ပုပ်ဆွတ်ခူးခြွေချရကြောင်း၊ သို့မှသာ လာမည့်နှစ် အဖူး၊ အပွင့်၊ အသီး ပိုးသီးကြောင်းလည်း သိရသည်။

မကျည်းပုတ်၊ ဆီးခုတ်၊ သရက်ထစ်၊ ပိန္နဲပစ် စာချိုးအား ရှေးအဘိုးအဖွားများ တဆင့်စကား တဆင့်မှတ်သားကာ ယနေ့ချိန်ထိ ပြုလုပ်ကြကြောင်းလည်း လဲဂွကျေးရွာ ဒေါ်ဝိုင်းငြိမ်းက ရှင်းပြသည်။

မကျည်းသီးမှည့်ချိန် အသီးများခြွေခူးရာတင် ပုတ်၍ခြွေခူးခြင်းဖြင့် လာမည့်နှစ်ပို၍သီးပြီး မနှစ်ကထက်မလျော့ကြောင်း၊ ဆီးပင်များသီးပြီး အမှည့်မှည့်ပြီးချိန် ဆီးပင်ကိုင်းများအား ခုတ်ပစ်ရကြောင်း၊ လာမည့်နှစ် ကိုင်းဖြာထွက်မှုသန်မာထွားကြိုင်းပြီး ဆီသီးသီးနှုန်းလည်း ကောင်းကာအသီးပိုကြီးလာတတ်ကြောင်း၊ သရက်ပင်များကိုလည်း တန်ဆောင်မုန်းလ ပြည့်နေ့တွင် ပင်စည်အခြေမှ စတင်ကာ လက်ငါးလုံးခန့်ခြားပြီး ဓားဖြင့်ထစ်ကြကြောင်း သို့မှသာ သရက်ပင်များ ပင်စည်ပိုးထိုးခြင်းမှကာကွယ်နိုင်ကာ သရက်ဖူး၊ သရက်ပွင့်ပွင့်ချိန် တွင်လည်း အသီးတင်ကြောင်း၊ ပိန္နဲပင်များ အသီးသီးနှုန်းကောင်းရန် လက်ကန်းခဲဖြင့်ပစ် ပေးရကြောင်း၊ သို့မှသာပိန္နဲသီးသီးကြောင်း ထိုအစဉ်အလာကို ကျေးလက်တောရွာများတွင် ယနေ့အချိန်ထိ ပြုလုပ်နေကြောင်းလည်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် မကျည်းသီးမှည့်များ စတင်ရောင်းချလာနေပြီ ဖြစ်ရာ မကျည်သီးမှည့် အစေ့နှင့်အကြောမသင်ရသေး တစ်ပိသာ နှစ်ထောင်ကျပ်မှနှစ် ထောင့်တစ်ရာကျပ်၊ အစေ့ထုပ်၊ အကြောသင်ပြီး တစ်ပိသာ နှစ်ထောင့်ငါးရာကျပ်ပေးဝယ် ရကာ၊ မကျည်းသီး အကြောသင် အစေ့ထုတ် တစ်ပိသာထုတ်ခ နှစ်ရာ့ငါးဆယ်ကျပ်ပေးရ ကြောင်း၊ မကျည်းသီး အကြောသင် အစေထုတ်သမတစ်ဦး တစ်ရက်ဆယ့်ငါးပိသာခန့်ပြီး ကြောင်းလည်းသိရကာ၊ မကျည်းစေ့တစ်တင်း ငါးထောင်ကျပ်ဖြင့် ပြန်ရောင်းရကြောင်း လည်း မကျည်းပွဲစား ဒေါ်ခင်မြကရှင်းပြသည်။ အကြောသင်၊ အစေ့ထုတ်ပြီးသားမကျီးများ အား အမိုးအကာ လုံခြုံသည့်နေရာတွင် ထားရှိခြင်း၊ ပိုများ၊ပုပ်များဖြင့်ထည့်ကာ နှစ်ပတ် လည်လှောင်ထားပြီး ဈေးနှုန်းတက်ချိန် ပြန်လည်ရောင်းချကြကြောင်း သိရကာ ကျောက်ပန်းတောင်း မြို့နယ်တွင် မကျည်းသီးမှည့်များ စတင်ဝင်ရောက် ရောင်းချ လာကြပြီဖြစ်ကြောင်း သိရသည်။     

ကိုထိန်၊KPD