လိပ်သို ဖေဖော်ဝါရီ ၉
(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့ဦးစွာ မြို့ဦးစီးမှူး နော်နီလာအေးက ကလေးငယ်များ အနေဖြင့် အားလပ်သည့် အချိန်တွင် စာကြည့်တိုက်ကို လာရောက်၍ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရှိစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်လာစေရန်၊ လူအများနှင့် ပူးပေါင်းပါဝင်တတ်စေရန် နှင့် ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ အကြောင်းအရာများကို ပြောကြားပေးခဲ့သည်။
ထို့နောက် ဆေးရောင်ခြဘ်ပြိုင်ပွဲ ဆက်လက်ကျင်းပရာ မူလတန်းအဆင့် ကလေးငယ် (၁၀)ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
နော်နီလာအေး