မုဒုံမြို့နယ် ကမာဝက်မြို့တွင် ကမ္မဋ္ဌာနာစရိယ ဓမ္မကထိက ဘဒ္ဒန္တ သုဓမ္မ မထေရ်မြတ်၏ အန္တိမအဂ္ဂိစျာပန သာဓုကီဠန ပူဇာသဘင်ကျင်းပ

မုဒုံ  ဖေဖော်ဝါရီ 

ကမ္မဋ္ဌာနာစရိယ ဓမ္မကထိက၊ ဘဒ္ဒန္တ သုဓမ္မ မထေရ်မြတ်၏ အန္တိမအဂ္ဂိ စျာပန သာဓုကီဠနပူဇာ သဘင် အခမ်းအနားကို ၁၃၈၃ ခုနှစ်၊ တပို့တွဲလဆန်း ရက်၊ ဖေဖော်ဝါရီ ရက် မွန်းလွဲပိုင်းက ကမာဝက်မြို့ သင်္ချိုင်းကြီးရှိ ဘုန်းကြီးပျံ နတ်ဗိမာန်ပြာသာဒ်တွင် ဆင်ယင်ကျင်းပသည်။

အန္တိမအဂ္ဂိစျာပန အခမ်းအနားတွင်မထေရ်မြတ်၏ ရုပ်ကလာပ်တော်ကိုကရဝိက်ယာဉ်ပေါ်သို့ အစီအစဉ်အတိုင်းပင့်ဆောင်ပြီး၊ တပည့်ဒါယကာဒါယိကာမများက လောင်တိုက်တည်ရှိရာ ဘုန်းကြီးပျံ နတ်ဗိမာန်ပြာသာဒ်တွင် အဂ္ဂိဈာပ နတေဇောဓာတ်ဖြင့် ပူဇော်သည်။

မထေရ်မြတ်၏ အန္တိမအဂ္ဂိစျာပန အခမ်းအနားတွင်နိဗ္ဗာန်စျေးနှင့် စတုဒိတာကျွေးမွေးခြင်း၊ ကမာဝက်မြို့ ကြက်ခြေနီ အသင်းခွဲမှ တပ်ဖွဲ့ဝင်များက ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်သည်။

ဘဒ္ဒန္တ သုဓမ္မ မထေရ်မြတ်သည် သက်တော် (၈၉)နှစ် သိက္ခာတော် (၇၀)ဝါသည် ကမာဝက်မြို့ ခြင်္သေ့ကျောင်းတိုက်တွင် ၁၃၈၃ ခုနှစ် ၊ဝါဆိုလပြည့်ကျော် ၁၄ ရက်(၂၀၂၁ ခုနှစ် သြဂုတ် ရက်) သောကြာနေ့တွင်ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)