နောင်တရားမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကျင်းပ

နောင်တရား ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်နေသည့်ကာလအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအတွက် အသိပညာပေးခြင်းလုပ်ငန်းကို Online မှတဆင့် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါအသိပညာပေးလုပ်ငန်းတွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် Talk Show ဆွေးနွေးပွဲမှပြည်သူများ ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းနှင့် တိုင်းရင်းသားပြည်သူများ၌ စစ်မှန်သော မျိုးချစ်းစိတ်ဓါတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓါတ် ထာဝစဉ်ရှင်သန် ထက်မြက်နေစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မူမြစော၊ နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း မှ အလယ်တန်းပြဆရာမ ဒေါ်နန်းစိန်ညွန့်နှင့် ဒေါ်သိန်းသိန်းအေးတို့က အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခွန်အောင်