(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် အလယ်တန်းဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

ရမည်းသင်း ဖေဖော်ဝါရီ ၁၀

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့၌ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်အမှတ် အလယ်တန်းဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က အမှတ်(၅) မြို့မအခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်လျက်ရှိသည်။

အဆိုပါ အခြေခံပညာအထက်တန်း၊ ကျောင်းအလယ်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပပြုလုပ်ရာတွင် မြို့မအခြေခံ ပညာအထက်တန်းကျောင်း၊ ကျောင်းသား၊ ကျောင်းသူ(၅) ဦးတို့က "ပြည်ထောင်စုနေ့မိခင်မှ သန္ဓေတည်၊ ပြည်ထောင်သမိုင်းဒို့မရိုင်၊ လက်တွဲညီညီ ရှေ့သို့ချီ" ခေါင်းစဉ်တို့ကို မဲနှိုက်၍ ယှဉ်ပြိုင်လျက်ရှိရာ ဆရာဦးဆန်းဝင်းနှင့် တာဝန်ရှိဆရာ၊ ဆရာမများက အမှတ်ပေးစည်းမျဉ်းနှင့်အညီ အကဲဖြတ်အမှတ်ပေးလျက်ရှိကြပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကို မြို့နယ်ပညာရေးမှူး မြို့မအထက ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိခိုင်က ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)