ခေါဇာမြို့တွင် အသက် (၁၅)နှစ်အောက် ကလေးငယ်များအား ပိုလီယိုရောဂါကာကွယ်ဆေး (အပိုဆောင်း)တိုက်ကျွေး

ခေါဇာ ဖေဖော်ဝါရီ ၁၀

မွန်ပြည်နယ်၊‌ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့တွင် အသက် ၁၅ နှစ်အောက် ကလေးများအား ပိုလီယိုရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက ခေါဇာမြို့ အခြေခံပညာအထက်တန်းကျောင်း၌ တိုက်ကျွေးခဲ့သည်။

အဆိုပါ ပိုလီယိုရောဂါကာကွယ်ဆေး(အပိုဆောင်း) တိုက်ကျွေးခြင်းကို ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျ တိုက်ကျွေးခဲ့ကြရာ အသက် ၁၅ နှစ်အောက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၈၀)ဦး တိုက်ကျွေးနိုင်ခဲ့သည်။

၎င်းပိုလီယိုရောဂါကာကွယ်ဆေး(အပိုဆောင်း)ကို အခြားရပ်ကွက်များ၊ ကျေးရွာများနှင့် အခြေခံပညာကျောင်းများသို့လည်း သတ်မှတ်နေ့ ရက်အလိုက် တိုက်ကျွေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

ခေါဇာ