မင်းဘူး ဖေဖော်ဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်တွင် Quarantine Centre များ ကြိုတင်ပြင်ဆင် ထားနိုင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ mobile နည်းဖြင့် ထိုးနှံပေးနိုင်ရေးတို့ကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် မင်းဘူး(စကု)မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်နှင့် ကော်မတီဝင်များ လိုက်ပါလျက် ဘိုးဘွားရိပ်သာတွင် positive လူနာများ တွေ့ရှိပါက ထားရှိနိုင်ရေးနှင့် မင်းဘူးမြို့အထွက် ကန်ရေဂိတ်နှင့် အဝေးပြေး ကားဝင်းအတွင်းရှိ ယာဉ်စည်းကမ်းထိန်းသိမ်း ကြီးကြပ်ရေးကော်မတီ ရုံးခန်းတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sputnik Light ထိုးနှံပေးနိုင်ရေးတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရ သည်။
ဇေယျာထက်(မင်းဘူး)