ပိုင်ကျုံမြို့ အမှတ်(၅)ရပ်ကွက်၊ ချမ်းမြသာစည်လမ်းပေါ်တွင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း‌ ရာနှုန်းပြည့်ပြီးစီး

ပိုင်ကျုံ  ဖေဖော်ဝါရီ  ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှု လွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေး၊ မြို့သာယာလှပ‌ရေးနှင့်‌ ဒေသ‌နေပြည်သူများ သွားလာမှုအဆင်‌ ပြေစေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်တွင် ငွေလုံးငွေရင်း အသုံးစရိတ် ငွေကျပ် (၁၄.၃၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၅)ရပ်ကွက်၊ ချမ်းမြသာစည်လမ်းတွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခြင်းကို ဇန်နဝါရီလ (၁၅) ရက်‌နေ့တွင် စတင်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါလမ်းသည် အရှည်(၄၇၀)ပေ၊ အကျယ်(၁၄)ပေ၊ ထု(၆)လက်မရှိပြီး ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်းအင်ဂျင်နီယာ-၂ ဒေါ်ခိုင်ဇင်ဖူးမှ အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းပြီးစီးမှုကြောင့် မြို့သာယာလှပ‌ပြီး အများပြည်သူများ၏ လူနေမှုဘဝနှင့် သွား‌ရေးလာ‌ ရေးအတွက် အဆင်‌ပြေလွယ်ကူ‌လာပြီးဖြစ်ကြောင်း သိရှိရပါသည်။

စောဂျိုးဇက်ဂျူး