အမြို့မြို့အနယ်နယ်သတင်းများ

Feb 13,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသည့် အကျဉ်းသား (၁၀) ဦးအား ပြန်လွှတ်ပေးသည့် အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ်၊ အကျဉ်းဦးစီးဌာန ကိုးပင်-သာစည် (စိုက်/မွေး) စခန်းတွင် ကျင်းပပြုလုပ် ခဲ့သည်။
Feb 13,2022
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသက်(၁၆)နှစ်အောက် မီနီမာရသွန်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ယမန်နေ့ နံနက် ၈ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရ သည်။
Feb 13,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင်အခမ်းအနားအား ယမန်နေ့ နံနက်၅နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်း၌ ကျင်းပလုပ်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဂုဏ်ပြုတပ်ခွဲနှင့်အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများကနိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများ၊ ရဲဘော်အပေါင်းတို့အား တက်ရောက်အလေးပြုခဲ့ကြသည်။
Feb 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင်အခမ်းအနားအား ယနေ့နံနက်၅နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြက် ခင်းပြင်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှဦးဆောင်ကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာ အကြီးအကဲများ၊ တက်ရောက်လာကြသူများမှ နိုင်ငံတော်အလံနှင့်ကျ ဆုံးလေပြီးသော အာဇာ နည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြ သည်။
Feb 13,2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကို ယမန်နေ့နံနက် (၇)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်းရှိ လွတ်လပ်‌ရေးကျောက်တိုင်ကွင်း၌ ကျင်းပခဲ့‌သည်။
Feb 13,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။