မိုင်းရှူး ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အလံတင်အခမ်းအနားအား ယနေ့နံနက်၅နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြက် ခင်းပြင်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှဦးဆောင်ကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာ အကြီးအကဲများ၊ တက်ရောက်လာကြသူများမှ နိုင်ငံတော်အလံနှင့်ကျ ဆုံးလေပြီးသော အာဇာ နည်ခေါင်းဆောင်ကြီးများအား အလေးပြုခဲ့ကြ သည်။
ဆက်လက်၍သဝဏ်လွှာဖတ် ကြားခြင်းအခမ်းအနားကို နံနက်၇နာရီ၄၀မိနစ်ချိန်တွင် အဆိုပါနေရာ၌ ကျင်းပရာ အခမ်းအနားတက်ရောက်လာသူများက နိုင်ငံတော်အလံအား အလေးပြုခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်နိုင်ငံတော်စီ မံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အတွက်ပေးပို့ လာသောသဝဏ်လွှာကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်မှဖတ် ကြားခဲ့သည်။
ယင်းနောက် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုင်းရှူးမြို့ နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဦးထွန်းမြင့်ဝင်းကရပ် ကွက်/ကျေးရွာများ တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ခဲ့သောနိုင်ငံ သားစိစစ်ရေးကတ်ပြား (၁၃၃၂)ခုက မြို့နယ်အုပ် ချုပ်ရေးမှူးဦးစိုးလင်းထိုက်ထံပေးအပ်သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ယဉ်ကျေး မှုအဖွဲ့များ၊ ဆရာ/ဆရာမ များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)