Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မြို့သစ်မြို့နယ်တွင် မြို့မအလယ်တန်းကျောင်းခွဲ RCC (၂) ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း (၂၅) ရာခိုင်နှုန်းပြီးစီး
Jun 28,2021
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့၌ စာသင်ကျောင်းသား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ စာသင်ကြားနိုင်စေရန်အတွက် မြို့သစ်မြို့ မြို့မအလယ်တန်း ကျောင်းခွဲ ကျောင်းမြေနေရာတွင် (၉၀' ×၃၀') RCC (၂) ထပ်ကျောင်း ဆောင်သစ် ဆောက်လုပ်လျက်ရှိရာ ယခုအခါတွင်(၂၅) ရာခိုင်နှုန်း ပြီးစီး ပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီနိုင်ရေးအတွက် နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်
Jun 28,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ထုံးဘိုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုနှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက် ပိုင်းက ထုံးဘိုမြို့ဈေး အတွင်း/အပြင် လူစည်ကားရာနေရာများတွင် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့တွင် ကာကွယ်ဆေး မထိုးနှံရသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jun 28,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်အတွင်းရှိ ကာကွယ်ဆေး မထိုးနှံရသူများအား ဇွန်လ(၂၆)ရက်နေ့နှင့် (၂၇)ရက်နေ့က မြို့နယ်မိုးလုံ လေလုံ အားကစားခန်းမ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင် ကျေးရွာ(၃)ရွာ၌ ကျေးရွာတွင်းကွန်ကရစ်လမ်းများ ခင်းပေးနိုင်ရေး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအကြောင်း ရှင်းလင်းဆွေးနွေး
Jun 28,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများ မြို့ပြနှင့်ကျေးလက် ကွာဟမှု မရှိစေရေးနှင့် ဒေသဖွံ့ဖြိုးမှုများမြန်ဆန်စေရေးအတွက် ကျေးရွာတွင်းကွန်ကရစ်လမ်းများခင်းပေးနိုင်ရေး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယနေ့နံနက်(၉)နာရီအချိန်က ကျေးရွာ(၃)ရွာသို့ကွင်းဆင်းပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ပဲခူးမြို့ရှိ ရန်ကင်းသာပန်းခြံ တည်ဆောက်ပြုပြင်နေမှု အား ကြည့်ရှု
Jun 28,2021
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းက ကောင်စီဝင် (၂) ဦးတင်ဦး၊ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ ညွှန်ကြားရေးမှူး ဦးရဲထွဋ်တို့နှင့်အတူ ပဲခူးမြို့ ဟံသာဝတီရပ်ကွက်ရှိ ရန်ကင်းသာပန်းခြံ အဆင့်မြှင့်တင် ပြန်လည်တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့နယ်၊ ချောင်းလမုကျေးရွာအုပ်စုအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ဆောင်ရွက်ပေး
Jun 28,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ (လဝကမှူး) ဦးတင့်နိုင်နှင့် ဝန်ထမ်းများသည် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးရေး "ပန်းခင်းစီမံချက်ဖြင့်" နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများအား အပတ်စဉ်ကျေးရွာများသို့ ကွင်းဆင်း၍ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ဇွန်လ(၂၅ ရက်မှ ၂၇)ရက်အထိ (၃)ရက်တိတိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ချောင်းလမု ကျေးရွာအုပ်စု၊ ချောင်းလမုကျေးရွာ၊ ဓမ္မရက္ခိတဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း ၎င်းကျေးရွာ အုပ်စုမှ ကျေးရွာခွဲများရှိ ဒေသခံပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြာများနှင့် အိမ်ထောင်စု လူဦးရေစာရင်းများ ကျေးရွာအရောက် ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မြို့သစ်မြို့နယ်အတွင်းရှိ လမ်းများတိုးတက်ကောင်းမွန်စေရေးအတွက် ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများဆောင်ရွက်
Jun 28,2021
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ လမ်းများ တိုးတက်ကောင်းမွန်စေရေး၊ မြို့ပြဖွံ့ဖြိုးရေးနှင့် မြို့ပေါ်ရပ်ကွက်နေပြည်သူများ သွားလာရေးအ ဆင်ပြေစေရန်အတွက် ကွန်ကရစ်လမ်းများခင်းခြင်း ၊ ရေနုတ်မြောင်းများ ဖော်ထုတ်ပြုပြင်ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာများ ခင်းခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မြို့ သစ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀ - ၂၀၂၁ဘဏ္ဍာနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် (၁၃ ဒသမ ဝဝ)သန်း ဖြင့်မြို့သစ် မြို့ ၊ ကွက်သစ်ရပ်ကွက် ၊ သရဖီလမ်းလမ်း အရှည်(၈၅၀)ပေ ၊ အ ကျယ်(၁၂) ပေ ၊ ထု(၉) လက်မရှိ ကတ္တရာထပ်ပိုးလွှာခင်းခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုလဲမြို့နယ်တွင် COVID-19ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ်၍ အရှိန်တိုးမြှင့်ဆောင်ရွက်လျက်ရှိ
Jun 28,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း Coronavirus Disease 2019( COVID-19 ) ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့် ပြန့်ပွားမှုမရှိစေရေးအတွက် ပုလဲမြို့အဝင်၌ ကျန်းမာရေးစစ်ဆေး ရေးဂိတ် ဖွင့်လှစ်၍ အရှိန်တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22564
Page
22565
Page
22566
Page
22567
Current page
22568
Page
22569
Page
22570
Page
22571
Page
22572
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department