အမြို့မြို့အနယ်နယ်သတင်းများ

Jun 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်အတွင်း မေလ(၂၆)ရက်နေ့မှ ဇွန်လ (၂၆) ရက် နေ့ အထိ( ၁ )လအတွင်း ကိုဗစ်အတည်ပြုလူနာ (၈၆၅) ဦးနှင့်သေဆုံးသူ(၅) ဦးရှိပြီဖြစ်ကြောင်း တမူးခရိုင် ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
Jun 27,2021
ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များအချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးလာစေရန်၊ ရပ်ကွက်ပေါင်းစုံ၊ ကျောင်းပေါင်းစုံမှ ထူးချွန်ထက်မြတ် သောလူငယ်ကစားသမားများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီး ဌာနကကြီးမှူးကျင်းပသော ဒေးဒရဲမြို့နယ်အားကစား တိုးတက်ရေးအစီအစဉ် (TSDP) အရ
Jun 27,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးသည့် နွေနှမ်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အသီးများ ရင့်မှည့်လာပြီ ဖြစ်၍ တောင်သူများစတင် သိမ်းဆည်း (ရိတ်သိမ်း) နေကြပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာရှိ ဒေသခံတောင်သူများထံမှ သိရသည်။
Jun 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူး ကျင်းပပြုလုပ်ခဲ့သော အိုလံပစ်နေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများတွင် ထူးချွန်အောင်မြင်စွာ အနိုင်ရရှိခဲ့သော အားကစားသမားများအား ဆုများပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
Jun 27,2021
သာသနာတော်ကြီးတည်တန့်ပြန့်ပွားစေရန်အတွက် မောက်မယ်မြို့နယ်လုံးဆိုင်ရာ သံဃနာယကအဖွဲ့မှ ကြီးမှူး ကျင်းပသည့် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော (၃၉)ကြိမ်မြောက် ပရိယတ္တိသာသနပါဒကစာပြန်ပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် ပရိယတ္တိစာသင်တိုက် ကျောင်းကြီးကျောင်းတိုက်တွင် စတင်ကျင်းပခဲ့သည်။
Jun 27,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် ပြည်သူများအပြင်သွားရာတွင် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး MASK CAMPAIGN ဆောင်ရွက်ခြင်းနှင့် လူစည်ကားရာနေရာများတွင် အသိပညာပေးဗီနိုင်းပိုစတာများ ချိတ်ဆွဲခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jun 27,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး အထူးဂရုပြု ဆောင်ရွက်လျက်ရှိရာ ရောဂါကြိုတင် ကာကွယ်ရေးအနေဖြင့် ဘူးသီးတောင် မြို့လူစည်ကားရာနေရာများ၌ ယနေ့နံနက်(၈)နာရီ အချိန်က Mask Campaign အသိပညာပေးလုပ်ငန်းများဆောင်ရွက်လျက် ရှိသည်။
Jun 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့က မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှလှူဒါန်းသည့် နှစ်လုံးတွဲစတီး လက်ဆေးဘေစင်နှင့် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ရေးပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများနှင့် အခြေခံပညာကျောင်းများတွင် လှူဒါန်းခဲ့ကြောင်း သိရသည်။