အမြို့မြို့အနယ်နယ်သတင်းများ

Jun 27,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ယနေ့ ကျရောက်သည့်  "ကမ္ဘာ့ သစ်ပင်စိုက်ပျိုးရေးနေ့" အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို
Jun 27,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက လုံခြုံရေးနှင့်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
Jun 27,2021
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီး ရန်အတွက် စျေးရောင်း/စျေးဝယ် မိဘပြည်သူများအား  Mask များ စနစ်တကျ တပ်ဆင် သွားလာစေရေးနှင့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ Mask Campaign ကို ယမန့်နံနက် (၆)နာရီက မြို့နယ်စည်ပင်သာယာစျေး၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 
Jun 27,2021
သမဝါယမနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီးအသေးစား စက်မှု၊ လက်မှု လုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်က လူသုံးကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပရာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင် တက်ရောက်၍ လမ်းညွှန်အမှာစကားပြောကြားကာ သင်တန်းဆင်း လက်မှတ်များ ချီးမြှင့် ပေးအပ်ခဲ့သည်။ 
Jun 27,2021
မွန်ပြည်နယ် ပေါင်မြို့နယ်၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းမှ ကြီးမှူးကျင်းပသည့် ယဉ်ကျေးလိမ္မာသင်တန်း (အငယ်တန်း) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မုတ္တမမြ စေတီနန်းဦးစာသင်တိုက်၌
Jun 27,2021
ရခိုင်ပြည်နယ်၊ ဂွမြို့တွင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက်၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jun 27,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်ရှိ သဘာဝမြစ်ချောင်းအင်းအိုင်များအတွင်း ငါးသယံဇာတ များ ရေရှည်တည်တံ့စေရေး၊ ငါးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးမျိုးကောင်းမျိုးသန့်များ ပြန့်ပွားစေရေးနှင့် ဒေသတွင်း ကျေးလက်နေပြည်သူများ ငါးရိက္ခာ ပိုမိုစားသုံးနိုင်ရေး ရည်ရွယ်၍ ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝ မြစ်ချောင်းအင်းအိုင်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ ယမန်နေ့က ဓနုဖြူမြို့နယ်၊ ကျုံတနော် အရှေ့ကျေးရွာ၊ ကျုံတနော်ချောင်းမ၌ ကျင်းပခဲ့သည်။