ထားဝယ်မြို့တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

ထားဝယ် ဖေဖော်ဝါရီ  ၁၃

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အသက်(၁၆)နှစ်အောက် မီနီမာရသွန်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနား ယမန်နေ့ နံနက် ၈ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရ သည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားလူငယ်မောင်မယ်များက စုရပ်အဖြစ် ရွှေဝယ်သီရိ အားကစားကွင်းအရှေ့မှ သာသနာ့ဗိမာန် လမ်းအတိုင်း မီးသတ် လမ်းဆုံ၊ ထားဝယ်-ရေးလမ်း အတိုင်းဝဲကျွန်းထိန်လယ်လမ်း၊ လေယာဉ်ကွင်းလမ်းအတိုင်း ရွှေဝယ်သီရိအားကစားကွင်းအထိ မာရသွန်ပြေးခဲ့ပြီး ပန်းဝင်ခဲ့ကြရာ တိုင်းဒေသကြီးတရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင်များက ကြည့်ရှု့အားပေးခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာတာဝန်ရှိသူများက ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ်ဆု၊ အထူးဆု ၁ မှ ၁၀ အထိ ပန်းဝင်ခဲ့သော အားကစားလူငယ် မောင်မယ်များအား တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် ဆုဖလားများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရ သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)