ဆီဆိုင် ဖေဖော်ဝါရီ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ဖေဖော်ဝါရီ ၁၁ ရက် ညနေ ၃ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းမျိုးဆောင်းကျော်က Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခွန်အောင်နိုင်က မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် လက်ရှိဆောင်နေမှုအခြေအနေများ၊ မီးဘေးအန္တရာယ် ကြုံတွေ့ လာပါက ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများ၊ မီးလောင်မှု မဖြစ်ပွားစေရန် ကြိုတင်ကာကွယ် ရမည့်အချက်များ၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပြည်သူများ လိုက်နာ ဆောင်ရွက်ရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မီးလောင်မှု စတင်ဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် မီးလောင်မှုဖြစ်ပွားပါက ပြည်သူများ အနေဖြင့် ဆောင်ရွက်ရမည့်အချက် များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)