မြောင်းမြမြို့တွင် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျွန်းတောလမ်းအား ကွန်ကရစ်ဖြင့် လမ်းချဲ့ခင်းခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းဖွင့်ပွဲအခမ်းအနားကျင်းပ 

မြောင်းမြ ဖေဖော်ဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ( ၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် မြကန်သာရပ်ကွက်၊ ကျွန်းတောလမ်း ကွန်ကရစ်ဖြင့် လမ်းချဲ့ခင်းခြင်းနှင့်ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် :၃၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးဥွီးစိုးထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး မောင်မောင်ငြိမ်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနော်မိုင်လှကြည်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးညွန့်ဝင်းနှင့် ကျွန်းတောလမ်းအားတာဝန်ယူခင်းသော Su Tint Htun ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးဇာနည်တင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံများရိုက်ကူးခဲ့ပါသည်။ 

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက  ကျွန်းတောလမ်းသစ်အား  ကြည့်ရှုစစ်ဆေးပြီးနောက်အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

ကျွန်းတောလမ်းအား ကွန်ကရစ်ဖြင့်လမ်းချဲ့ခင်းခြင်းနှင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းကို မြောင်းမြမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် Su Tint Htun ကုမ္ပဏီမှ  ကုန်ကျငွေ စုစုပေါင်း ကျပ်သန်းပေါင်း ၁၈.၇၂  သန်းဖြင့်တာဝန်ယူဆောင်ရွက်ပြီးစီးခဲ့ကြောင်း မြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရပါသည်။ 

ခင်ရူပါအေး