အမြို့မြို့အနယ်နယ်သတင်းများ

Jul 01,2021
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့အကျဉ်းထောင်မှ ယမန်နေ့ ညနေ(၅)နာရီက ဆူပူဆန္ဒပြမှုနှင့် ပတ်သက်၍ ရာဇသတ်ကြီးပုဒ်မ၅၀၅-က ဖြင့် အမှုမှဖမ်းဆီး အရေးယူ ထားသူများအား ပြန်လွတ်ပေးခဲ့ကြောင်း ရမည်းသင်းမြို့ အကျဉ်းဦးစီးဌာနမှ သိရသည်။
Jul 01,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် နောင်ကိုင်းကျေးရွာအုပ်စုမှ နိုင်ငံသား စိစစ်ရေးကတ် မပြုလုပ်ရသေးသည့် ကျေးလက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် လက်ဝယ်ကိုင်ဆောင်ခွင့် ရရှိစေရန်အတွက်  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာရုံးမှ တာဝန်ရှိသူများက  အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေး​ကို ယနေ့ နံနက် (၉)နာရီအချိန်က အမှတ် (၇ ) ရပ်ကွက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jul 01,2021
ပဲခူးတိုင်းဒေသကြီး၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲသူရိန်ခန်းမ၌ ကျင်းပပြုလုပ် သည့် တန်ဖိုးမြှင့်စားသောက် ကုန်နှင့် လူသုံးကုန်ထုတ်လုပ်မှု သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။
Jul 01,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် ကျေးလက်နေ ပြည်သူများ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း အဆင်ပြေစေရန် ရည်ရွယ်ပြီး သံဂဟေဆက် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပကြောင်း သိရသည်။
Jul 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်နိုင်ရန်အတွက် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျေးလက်နေ လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးလုပ်ငန်းစဉ်များကို စီမံချက်ရေးဆွဲကာ တစ်စိုက်မတ်မတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရေးလုပ်ငန်းများအား တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ချက်များဖြင့် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ စက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီ က မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး ခန်းမ၌ ကျင်းပခဲ့သည်။
Jul 01,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကလေးငယ်များ ကျန်းမာ သန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေစေရန် ရည်ရွယ်၍ လစဉ် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက်(၈)နာရီအချိန်ခန့်က မိခင်ကလေး ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jul 01,2021
သဖန်းဆိပ်ဆည် ရေလှောင်တမံမှ ယခုနှစ် မိုးစပါးရာသီ စိုက်ဧက ၄ သိန်း ၈ သောင်းအတွက် ပျိုးထောင်ရေနှင့် မြေပြင်ရေများကို စတင်ပေးဝေလျက်ရှိ 
Jul 01,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့နယ်မြေအတွင်း ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များမှ ဖမ်းဆီးတရားဆွဲဆို ထားသူများအနက် လွတ်မြောက်ခွင့်ရရှိသဖြင့် ပြန်လည်လွတ်ပေးသင့်သူများအား ပြန်လည်လွတ်ပေးခြင်း အခမ်းအနားကို ရွှေဘိုမြို့ အကျဥ်းထောင်၌ ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။