Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
တကောင်းမြို့တွင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ သန့်ရှင်းသာယာလှပရေးစုပေါင်း သန့်ရှင်းရေး ဆောင်ရွက်
Feb 17,2022
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းရေှးဟောင်းယဉ်ကျေးမှုနယ်မြေ သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီက မြို့ဝင်ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ရုံးရှေ့တွင် သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အသိပညာပေး နံရံကပ် စာစောင်ပြသ
Feb 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး ယနေ့ နံနက်(၁၁)နာရီအချိန်က မသန်စွမ်းသူများ အခွင့်အရေး ဆိုင်ရာ နံရံကပ်စာစောင်ပြသခြင်းကို ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တာမွေမြို့နယ်ရှိ ရာပြည့်စျေးတွင် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
Feb 17,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ ရာပြည့်စျေးတွင် ညအချိန်များ၌ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေး၊ မသင်္ကာဖွယ်ရာပစ္စည်းများ မရှိစေရေးနှင့် စျေးများအတွင်း ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ညပိုင်းအချိန်က တာမွေမြို့နယ်ရှိ ရာပြည့်စျေးတွင် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား သတ္တမအသုတ် ပထမအကြိမ် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Feb 17,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈) နှစ်အထက် ပြည်သူများအား သတ္တမ၏အသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းနှင့် စေတနာအဖွဲ့တို့၏ ကူညီပံ့ပိုးမှု့ဖြင့် ဆောက်လုပ်ခဲ့သော RC တစ်ထပ်ကျောင်းဆောင် သစ်ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနထံ လွှဲပြောင်…
Feb 17,2022
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျောက်စုကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာနနှင့် နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနတို့၏ ကြီးကြပ်မှု၊ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေရှင်း စေတနာအဖွဲ့တို့၏ ကူညီပံ့ပိုးမှု၊ ကျောက်စု၊ ကိုးလုံးကျေးရွာမိဘပြည်သူများ ပူးပေါင်းပါဝင်မှုဖြင့် ဆောက်လုပ်ခဲ့သော (၉၀ပေ ၊၃၀ ပေ) RC တစ်ထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲနှင့် ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားအား ယနေ့ နံနက် ၁၀ နာရီက အဆိုပါ ကျောင်း၌ ကျင်းပပြုလုပ် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်
Feb 17,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း ကိုဗစ်- ၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာ ကွယ်ရေးဆိုင်ရာ အချက်များကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်စေ ရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အသံချဲစက်ဖြင့် မြို့ပေါ်လမ်းဆုံများနှင့် အမှတ် (၅) ရပ်ကွက်ရှိ လူစည်ကားရာ နေရာများတွင် အသိပေးနှိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန်ရောဂါကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်
Feb 17,2022
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တွေဆုံကာ ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန် ရောဂါကာကွယ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်ကပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မော်လိုက်မြို့ပေါ်ရှိ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များအား ဆိုင်ထိုင်စနစ်မှ ပါဆယ်စနစ်ဖြင့် ပြောင်းလဲရောင်းချရန် ညွှန်ကြားထားကြောင်း သိရ
Feb 17,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများ မြင့်တက်လာသည့်အတွက် ကူးစက်မှုအား ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ယနေ့မှစတင်၍ မြို့ပေါ်ရှိ စားသောက်ဆိုင်များ၊ ဈေးဆိုင်များအား ဆိုင်ထိုင်စနစ်မှ ပါဆယ်စနစ်ဖြင့် ပြန်လည်ပြောင်းလဲရောင်းချရန် ညွှန်ကြားထား ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22530
Page
22531
Page
22532
Page
22533
Current page
22534
Page
22535
Page
22536
Page
22537
Page
22538
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department