အမြို့မြို့အနယ်နယ်သတင်းများ

Feb 17,2022
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်မှ အများပြည်သူအသိပညာဗဟုသုတရရှိစေရေး ရည်ရွယ်ပြီး  ပြည်သူ့ဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းအဖြစ် စာအုပ်စာစောင်များအားအခမဲ့ ငှားရမ်းပေးလျက်ရှိရာ စာပေဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိသည်။
Feb 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယနေ့နံနက်က ကိုဗစ် ကူးစက်မှုများ မရှိစေရေး ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်ဂိတ်တွင် မြိုနယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များ သက်ဆိုင်ရာဌာနဆိုင်ရာများ​ ကိုဗစ်​ကော်မတီဝင်များ ဆေးရုံဝန်ထမ်းများက ရန်ကုန်ပြန် ခရီးသည်များကို စစ်ဆေးပေးလျက်ရှိကြောင်း သိရသည်။
Feb 17,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၂၀၂၁-၂၀၂၂ (၆)လပတ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဖြစ်သော ကုန်ထုတ်လမ်းနှင့်တံတား (၂)စင်း ဆောင်ရွက်‌နေမှုကို မိုင်းဆတ်ခရိုင်‌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်တိုးမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ရာ မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်း‌အောင်မျိုးထက်နှင့် ကုမ္မဏီတာဝန်ခံမှ လုပ်ငန်းဆောင်ရွက်‌နေမှု အခြေအနေကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
Feb 17,2022
ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် ကိုဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေး မထိုးနှံရ​သေး​သော ပြည်သူများနှင့်(ဒုတိယအကြိမ်)ထိုးနှံရန် ကျန်ရှိသူများအား ကာကွယ်​ဆေး ဆက်လက်ထိုးနှံ​ပေးခြင်းကို ယ​နေ့မန်နံနက်(၈)-နာရီက ​မြောက်ပိုင်းရပ်ကွက်ရှိ အ​ခြေခံပညာအထက်တန်း​ကျောင်း​ရှေ့နှင့်​ တောင်ပိုင်းရပ်ကွက်ရှိ ပူး​ပေါင်း ကျန်းမာ​ရေးစစ်​ဆေးသည့် ဂိတ်တို့တွင် မြို့နယ်ကျန်းမာ​ရေး ဦးစီးဌာနမှ ဝန်ထမ်းများက ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။
Feb 17,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲ သစ်အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
Feb 17,2022
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီက ကျေးလက်ကျန်းမာရေးဌာနရုံး၌ ပြည်သူ များအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Feb 17,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဝန်ထမ်းများက Hand Speaker ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြသည်။
Feb 17,2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသောသူများအား သတ္တမအသုတ် (ပထမ) အကြိမ် ထိုးနှံပေးခြင်းနှင့် Covishield (၂) နှစ်ကြိမ် ထိုးနှံပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ မြို့နယ် ပြည်သူ့ဆေးရုံဟောင်း ဆေးထိုးစုရပ်နေရာနှင့် သစ်ပုံကျေးလက်ကျန်းမာရေးဌာန၊ ဆေးထိုးစုရပ်နေရာတို့ တွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။