အမြို့မြို့အနယ်နယ်သတင်းများ

Feb 17,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်နေတောင်သူများသည် မဲဇလီရေလွှဲဆည်ရေ နှင့် မြေအောက်ရေတို့ကို အမှီပြု၍ ဟင်းသီး ဟင်းရွက်စားပင်သီးနှံမျိုးစုံအား နွေ၊ မိုး၊ ဆောင်း သုံးရာသီ စိုက်ပျိုး လုပ်ကိုင်ကြကြောင်းသိရပြီး ယခုနှစ်တွင်လည်း နွေသီးနှံအဖြစ်စိုက်ပျိုးသည့် ခရမ်းချဉ်သီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းကာ လှိုင်လှိုင်ဆွတ်ခူးရောင်းချနေရသော်လည်း ဈေးကောင်းမရရှိ၍ ဒေသခံတောင်သူများ သီးနှံဝင်ငွေ အကျိုးအမြတ်နည်း၍ ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် သမန်းရင်းကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။
Feb 17,2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် Community Centre ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club ၏ စာပေရေးရာဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စာပေရေးရာဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်းသိရသည်။
Feb 17,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဝါးရုံကုန်းကျေးရွာအုပ်စု ဝါးရုံကုန်းကျေးရွာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအား ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့နံနက် (၉)နာရီ အချိန်ခန့်က ဝါးရုံကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးနေအိမ်တွင်​ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။
Feb 17,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ မြောင်ဦးကျေးရွာမှ မိသားစုဝင်များသည် တစ်ပိုင်တစ်နိုင် ဆပ်သွားဖျာ ရက်လုပ်ခြင်းဖြင့် အပိုဝင်ငွေများ ရရှိကြောင်းနှင့် ဆပ်သွားဖျာ၏ သဘောသည် သဘာဝအားဖြင့် အေးပြီးခေတ်နှင့်အညီ ဈေးနှုန်းသင့်သောကြောင့် လူကြိုက်များပြီး အရောင်းအဝယ် ကောင်းမွန်ကြောင်း သိရှိ ရသည်။
Feb 17,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့ နံနက် ၈ နာရီက ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့သည်။
Feb 17,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ အသက်နှစ်လမှ(၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အောင်တပ်ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ စတင်ထိုးနှံ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
Feb 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့ကျစေရန်၊ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်းပါဝင်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ယနေ့ နံနက် ၉ နာရီက မြို့မဈေးကြီးတွင် လှည့်လည်ကြေညာခဲ့ကြသည်။
Feb 17,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအနေဖြင့် အသက်အရွယ်အလိုက် စာအုပ်စာစောင်များအား ဖတ်ရှုလေ့လာပြီး ဗဟုသုတအတွေးအမြင်များရရှိပြီး ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တတ်သော အတွေးအခေါ်အမျှော်အမြင်များရရှိလာစေရေးနှင့် စာအုပ်စာစောင်းများကို လေ့လာဖတ်ရှုတတ်သော အလေ့အကျင့်ကောင်းများရရှိလာစေရေးအတွက် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို အစဉ်အမြဲ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။