မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သတ္တမအသုတ် (ပထမ) အကြိမ် ထိုးနှံပေးခြင်းနှင့် ထပ်ဆောင်းထိုးနှံပေးခြင်းများ ဆက်လက်ဆောင်ရွက်

မာန်အောင် ဖေဖော်ဝါရီ ၁၇

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသောသူများအား သတ္တမအသုတ် (ပထမ) အကြိမ် ထိုးနှံပေးခြင်းနှင့် Covishield () နှစ်ကြိမ် ထိုးနှံပြီးသူများအား ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ယနေ့နံနက် ၁၀ နာရီမှ ညနေ နာရီထိ မြို့နယ် ပြည်သူ့ဆေးရုံဟောင်း ဆေးထိုးစုရပ်နေရာနှင့် သစ်ပုံကျေးလက်ကျန်းမာရေးဌာန၊ ဆေးထိုးစုရပ်နေရာတို့ တွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင်  မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာစောမင်း ဦးဆောင်ကြီးကြပ်ပြီး ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများမှတ်ယူခြင်း၊ လာရောက်ထိုးနှံသည့် သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင် ပမာဏတိုင်းတာခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းများကိုစနစ်တကျ ဆောင်ရွက်ပေးကာ ပုံမှန်ကျန်းမာရေးအခြေ အနေရှိသူများကိုသာ ကာကွယ်ဆေးထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများအား မိနစ် ၃၀ ခန့် စောင့်ကြည့်ကာ ထိုးနှံပေးလျက်ရှိသည်။

အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာတွင် ယမန်နေ့က အသက်(၁၈)နှစ် အထက် သတ္တမအသုတ် (ပထမ) အကြိမ်အဖြစ် ထိုးနှံလာသူ (၂၇)ဦးနှင့် ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးBooster ထိုးနှံလာသူ အသက်(၆၅)နှစ်အထက် (၁၆၄) ဦး၊ နိုင်ငံ့ဝန်ထမ်း()ဦး၊ ပရဟိတစေတနာ့ဝန်ထမ်း()ဦး၊ စုစုပေါင်း(၁၇၃)ဦးရှိကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)