အမြို့မြို့အနယ်နယ်သတင်းများ

Feb 18,2022
ရန်ကုန်‌တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် သောင်ကြီးကျေးရွာတွင် ပဲတီစိမ်း စိုက်ခင်းများကို စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်ပြီး မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သောင်ကြီးကျေးရွာနေ ပဲတီစိမ်းစိုက်ပျိုးရောင်းချသူ ဦးဝင်းညွန့်ထံမှ သိရသည်။
Feb 18,2022
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ လျော့နည်းပပျောက်ရေးနှင့် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှစတင်၍ နိုင်ငံဝန်ထမ်းများနှင့် ပြည်သူများအား Suptnlk Light Vaccine ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား အမှတ်(၉)ရပ်ကွက် တက္ကသိုလ်များ ဆေးရုံ၊ အရေးပေါ်ဌာနတွင် ထိုးနှံပေးလျက်ရှိသည်။
Feb 18,2022
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဂိတ်များသို့ ကူးသန်းသွားလာလျက်ရှိသော ကုန်သွယ်ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များနှင့် ကုမ္ပဏီဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာ‌စေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး‌‌‌‌‌ ဟောပြောပွဲအား ယမန်နေ့ နံနက်ပိုင်းတွင် ဝိုင်းမော်မြို့နယ် တန်ဘောင်ကျေးရွာရှိ KEP Logistics Co,ltd အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး အောင်ကြည်လင်းက တက်ရောက် အမှာစကား ပြောကြားသည်။
Feb 18,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲနှင့် အလေးမပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်းဒေသကြီးကိုယ်စားပြု အသင်းများအား အောင်နိုင်ရေးအလံပေးအပ် ပွဲနှင့် ဝန်ကြီးချုပ်၏ လမ်းညွှန်ဩဝါဒခံယူပွဲ အခမ်းအနား ကျင်းပခဲ့သည်။
Feb 18,2022
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနား ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 18,2022
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်‌ရေးအတွက် ကာကွယ်ဆေးများကို သတ်မှတ်ဦးစားပေး အုပ်စုအလိုက် ထိုးနှံ‌ပေးလျက်ရှိရာ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိပြီး ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးကာ ၆ လပြည့်ပြီးသည့် ဌာနဆိုင်ရာဝန်ထမ်းများအား တတိယအကြိမ် (ထပ်ဆောင်း) ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့ နေ့လည် ၁ နာရီမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ ကဏ္ဍိတာရာမ စလင်းကျောင်းတိုက် ဓမ္မာရုံတွင် ဆောင်ရွက်ပေးလျက်ရှိသည်။
Feb 18,2022
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၌ နွေရာသီရောက်လာပြီဖြစ်၍ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရန်နှင့် ကြုံတွေ့လာပါက အလျင်အမြန် မီးငြှိမ်းသတ်နိုင်ရန်အတွက် မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြသခြင်း နှင့် အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက နယ်စပ် ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေး ဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု စက်ချုပ်သင်တန်း ကျောင်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
Feb 18,2022
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝ သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ   မဲသပုံ-ကွီးကျယ်-ထီးပရီး-မဲပရခီး ကျေးရွာ(၄)ရွာချင်းဆက်လမ်းပေါ်တွင် သံကူကွန်ကရစ်တံတား(၂)စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ဇန်နဝါရီလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ  ၁၇နေ့က ရာနှုန်းပြည့် ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။