ကရသူရိမြို့တွင် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပြည်သူများကိုဆက်လက်ထိုးနှံပေး

ကရသူရိ ဖေဖော်ဝါရီ  ၁၇

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီက ကျေးလက်ကျန်းမာရေးဌာနရုံး၌ ပြည်သူ များအား ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများ၊ ပထမ အကြိမ် ထိုးနှံရန်ကျန်ရှိနေသူများ၊ ဒုတိယအကြိမ်ထိုးနှံရန်ကျန်ရှိနေသူများကို ကာကွယ်ဆေး ထိုးနှံပြီးစီးရေး ဆက်လက်ဆောင်ရွက်ခြင်းဖြစ်ပြီး အဆိုပါဆောင်ရွက်ရာတွင် မြို့ကျန်းမာရေး ဝန်ထမ်းများနှင့် ရပ်/စာရေး တို့က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)