Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျိုက်လတ်မြို့အဝင် ကိုဗစ်-၁၉ရောဂါ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် RDT Test Kits ဖြင့် စစ်ဆေးခြင်းများ ဆောင်ရွက်
Feb 17,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့တွင် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကူးစက် ပြန့်ပွားမှု မဖြစ်ပွားစေရန် ကာကွယ်ရေးအတွက် ကျိုက်လတ်မြို့၊ မြို့ဝင်ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် ခရီးသွား ပြည်သူများအား ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုစစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးထားခြင်းမရှိသူများအား RDT Test Kits ဖြင့်စစ်ဆေးခြင်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက မြိူ့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျနှင့် အဖွဲ့ဝင်များက လာရောက်ကြီးကြပ် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် အခြေခံကွန်ပျူတာသင်တန်း ဖွင့်လှစ်
Feb 17,2022
ကရင်ပြည်နယ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)တွင် ကရင်ပြည်နယ်၊ ကလေးအလုပ် သမားပပျောက် ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေးလုပ်ငန်းကော်မတီနှင့် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းကော်မတီမှ ကြီးမှူး၍ ပြည်နယ်အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ဘားအံ)တို့ ပူးပေါင်း၍ အခြေခံကွန်ပျူတာသင်တန်းကို ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုသိမ်တက္ကသိုလ် ဖြစ်တည်မှု (၂၅) နှစ်မြောက် ငွေရတုအထိမ်းအမှတ် သုတေသန စာတမ်းဖတ်ပွဲနှင့် ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Feb 17,2022
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်တွင် ပုသိမ်တက္ကသိုလ်ဖြစ်တည်မှု (၂၅)နှစ်မြောက် ငွေရတု အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲနှင့် ဂုဏပြုဆုချီးမြှင့်ပွဲ အခမ်းအနားကိုကျင်းပသည်။ ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သန်းထွန်းက အမှာစကားပြောကြားရာတွင် ပုသိမ်တက္ကသိုလ်သည် ၁၉၅၈ မှစတင်၍ ပုသိမ်ဥပစာ ကောလိပ်အဖြစ် စတင်တည်ထောင်ခဲ့ပြီး ၁၉၆၄ တွင်ပုသိမ်ကောလိပ် (ရန်ကုန်တက္ကသိုလ်) နှင့် ၁၉၈၀ တွင် ပုသိမ်ဒီဂရီကောလိပ် အဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၉၉၆ တွင် ပုသိမ်ဒီဂရီကောလိပ်မှ ပုသိမ် တက္ကသိုလ်အဖြစ် တက္ကသိုလ် အဆင့်သို့ ရောက်ရှိခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် ပုသိမ်တက္ကသိုလ်၏ တက္ကသိုလ်အဆင့် ဖြစ်တည်မှုသည် ၂၅ နှစ်တိုင် ငွေရတုအဖြစ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ ပုသိမ် တက္ကသိုလ် အဆင့်သို့တိုးမြှင့်ရောက်ရှိမှု ငွေရတုအထိမ်းအမှတ်အဖြစ် သုတေသန စာတမ်းဖတ်ပွဲ ကျင်းပ၍ အကောင်းဆုံး ဝိဇ္ဇာသိပ္ပံ စာတမ်းဆုချီးမြှင့်ရန် အဖွဲ့ဝင်များမှ ဆုံးဖြတ်ခဲ့သည့်အတိုင်း ယခုအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုးကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်
Feb 17,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး ကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၆ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနမှမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံ၊ လမ်းခွနေရာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့နယ်တွင် Phase-6နှင့် Phase-5များအတွက် ဒုတိယအကြိမ်အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပြီးစီး
Feb 17,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ဂွမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများကို Phase-6နှင့် Phase-5 များအတွက် ဒုတိယအကြိမ်အဖြစ် Covishield၊ Sinopharmနှင့် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဖေဖော်ဝါရီလ (၁၅)ရက်နေ့နှင့် (၁၆)ရက်နေ့များတွင် စုရပ်(၃)ခု၌ ထိုးနှံပြီးစီးခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရေနံချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Feb 17,2022
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ ရေပူကြီးကျေးရွာအုပ်စု အ.လ.က(ခွဲ)ရေပူကြီးကျောင်းလမ်းအား ကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီး
Feb 17,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေး၊ မြို့သာယာလှပရေးနှင့် ဒေသနေပြည်သူများ သွားလာမှု အဆင်ပြေ စေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး ရန်ပုံငွေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမအကြိမ် ပိုင်ကျုံမြို့ မြို့ပေါ်ရပ်ကွက် များနှင့်ကျေးရွာများတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိရာ ပိုင်ကျုံမြို့ ရေပူကြီးကျေးရွာအုပ်စု အ.လ.က(ခွဲ)ရေပူကြီးကျောင်းလမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဇန်နဝါရီလ ပထမအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချမ်းမြသာစည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေး
Feb 17,2022
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၈) နာရီက ချမ်းမြ သာစည်မြို့နယ်၊ တမ္ပ၀တီရပ်ကွက်၊ဓမ္မာရုံတွင် ပြုလုပ်ဆောင်ရွက် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22527
Page
22528
Page
22529
Page
22530
Current page
22531
Page
22532
Page
22533
Page
22534
Page
22535
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department