အမြို့မြို့အနယ်နယ်သတင်းများ

Feb 18,2022
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့၌ ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုးကူးစက် ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်ထိန်းချုပ်ရေးအတွက် Mask Campaign ကို ဖေဖော်ဝါရီ ၁၆ ရက်နံနက်(၈)နာရီက နေ့က လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့သည်။
Feb 18,2022
ဧရာဝတီတိုင်းဒေသကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာလှိုင်သည် ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ကြိုတင်ပြင်ဆင်ထားရှိမှုများအား ယမန်နေ့ ညနေ ၃ နာရီခွဲ ကလိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Feb 18,2022
ရခိုင်ပြည်နယ်၊ မအီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း(ပြင်ဝန်း)၌ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများအား ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနမှ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
Feb 18,2022
သံတွဲမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Covaxin/Sinopharm နှင့် Covidshield ထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှစတင်၍ သံတွဲမြို့နယ်အတွင်းရှိ ကာကွယ်ဆေး ထိုးစင်တာ(၁၀)ခုတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Feb 18,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ရုံးဝန်ထမ်းများနှင့် စာဖတ်ဝိုင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Feb 18,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ကျောက်ချက်အခြေခံပညာ အထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Feb 18,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ကိုဗစ်-၁၉ရောဂါမျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုး အကြောင်း ပြည်သူများ သတိပြုသိရှိလိုက်နာစေရန်အတွက် ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့ပေါ် ရပ်ကွက် များတွင် (Hand Speaker) ဖြင့် လှည့်လည်၍ လိုက်လံအသိပညာပေး နှိုးဆော်ကြသည်။