ရသေ့တောင်မြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာပေဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများမှ စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိ

ရသေ့တောင်   ဖေဖော်ဝါရီ    ၁၇

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်မှ အများပြည်သူအသိပညာဗဟုသုတရရှိစေရေး ရည်ရွယ်ပြီး  ပြည်သူ့ဝန်ဆောင်မှု အသိပညာပေးလုပ်ငန်းအဖြစ် စာအုပ်စာစောင်များအားအခမဲ့ ငှားရမ်းပေးလျက်ရှိရာ စာပေဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာဖြင့် လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိသည်။

ထိုသို့  မြို့နယ်ပြည်သူ့စာကြည့်တိုက်မှ စာဖတ်ပရိတ်သတ်များအတွက် စာအုပ်စာစောင်များငှားရမ်းပေးရာတွင် စာဖတ်ပရိတ်သတ်များ စိတ်ဝင်စားမှုရှိပြီး အသိပညာဗဟုသုတရရှိစေမည့် သုတ၊ ရသစာအုပ်များနှင့် လစဉ်အသစ်ရောက်ရှိလာသည့် စာအုပ်စာစောင်များအား Oline မှတစ်ဆင့် ကြော်ငြာပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် စာပေ ဝါသနာရှင်များမှ မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ နေ့စဉ်လာရောက်ငှားရမ်းဖတ်ရှုလျက်ရှိပြီး ပြည်သူ့စာကြည့်တိုက်သို့ အကြောင်းအမျိုးမျိုးကြောင့် မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်များအတွက် Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး လျက်ရှိကြောင်း သိရသည်။

အောင်စံထွန်း(ပြန်/ဆက်)