ရပ်စောက် ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဝန်ထမ်းများက Hand Speaker ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြသည်။
ထိုသို့အသိပေးနှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရမှု မရှိစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များအား ပြည်သူများအနေဖြင့် တိတိကျကျလိုက်နာကြပါရန်နှင့် ပြင်ပဧည့်သည်များ လက်ခံခြင်းမပြုကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း တပ်ဆင်ခြင်း၊ စနစ်တကျ လက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းတို့ကို ပြည်သူများအထူးဂရုပြု ပူးပေါင်းလိုက်နာဆောင်ရွက် ကြရန် စသည့် အိုမီခရွန်ရောဂါ အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက်လံအသိပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)