ချောင်းသာ မတ် ၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ သန့်ရှင်းသာယာ လှပရေးအတွက် မြို့စီမံ အုပ်ချုပ်ရေးအဖွဲ့က စည်းကမ်းမဲ့ အမှိုက်မပစ်ရဆိုင်းဘုတ်များကို လိုက်လံစိုက်ထူ အသိပညာပေး ထားကြောင်း သိရသည်။
ချောင်းသာမြို့ နယ်နိမိတ် အစမှ အဆုံးထိ လမ်းဘေးဝဲယာ၊ လမ်းဆုံလမ်းခွတို့တွင် ခရီးသွားပြည်သူ များအနေဖြင့် လမ်းဘေးဝဲ/ယာစည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းများ မပြုရန် အသိပေးအပ်ပါသည်။ စည်းကမ်းမဲ့ အမှိုက်မပစ်ရ စသည့် စာသားများပါသည့် ဆိုင်းဘုတ်များကို စိုက်ထူထားခြင်းဖြစ် ကြောင်း သိရသည်။
အဓိက ကတော့ ခရီးသွားပြည်သူရော၊ ဒေသခံပြည်သူတွေပါ ပူးပေါင်းလိုက်နာ ဆောင်ရွက်ဖို့လိုပါ မယ်။ ဒါမှ လမ်းဘေးဝဲ/ယာ၊ ချောင်းသာမြို့တွင်း/ မြို့ပြင်သန့်ရှင်းသာယာ လှပမည်ဖြစ်ကြောင်း မြို့စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အလားတူ မြို့သန့်ရှင်းသာယာလှပရေးအတွက် မြို့အဆင့်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကျော်ကျော်(ပြန်/ဆက်)