သထုံမြို့နယ်တွင် လိုင်စင်မဲ့ယာဉ်များ စစ်ဆေးအရေးယူမှု စဉ်ဆက်မပြတ်ဆောင်ရွက်

သထုံ မတ် ၉

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း အဝေးပြေးလမ်းမပေါ်သွားလာနေကြသည့် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီး အရေးယူခြင်းကို ယမန်နေ့နံနက်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများပူးပေါင်းကာ သထုံမြို့၊ အောက်ကျင်း ရပ်ကွက်၊ ခရိုင်မီးသတ်ဦးစီးဌာနမှူး ရုံးရှေ့၊ ရန်ကုန်-မော်လမြိုင် ကားလမ်းမကြီးပေါ်၌ ပြုလုပ်ခဲ့သည်။

စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မောင်မောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်း အင်အား(၄၀)ဦးခန့်ဖြင့် စစ်ဆေး ဆောင်ရွက်ခဲ့ပြီး လိုင်စင်မဲ့ ဘေးတွဲမော်တော်ဆိုင်ကယ်(၁၁)စီးအား ဖမ်းဆီးရမိခဲ့ကာ ဖမ်းဆီးရမိသည့် ယာဉ်များအား သထုံမြို့မရဲစခန်းမှ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ကိုကိုဦး(သထုံခရိုင်ပြန်/ဆက်)