မင်းတုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပြည်သူများအား ကျေးရွာများသို့ ကွင်းဆင်း၍ ကာကွယ်ဆေးထိုးနှံပေး

မင်းတုန်း မတ် ၉

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် အသက် (၁၈) နှစ်ပြည့်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသော ပြည်သူများများအား ယမန်နေ့ နံနက် ၈ နာရီခွဲမှစ၍ ကာကွယ်ဆေးထိုးအဖွဲ့ ()ဖွဲ့ဖြင့် ကျေးရွာများသို့ ကွင်းဆင်း၍ ထိုးနှံပေးခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဆေး ထိုးနှံပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း ဦးဆောင်၍ ဌာနဆိုင်ရာအကြီးအကဲများ ဖြန့်ခွဲ၍ ကျေးရွာ များတွင် ကာကွယ် ဆေး မထိုးနှံရသေးသူ မကျန်ရှိစေရေးနှင့် ရာနှုန်းပြည့် ကာကွယ်ဆေး ထိုးနှံနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်