ကံမမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် ပြည်သူများအား မိုဘိုင်း စနစ်ဖြင့် ကျေးရွာများအရောက်ကွင်းဆင်းထိုးနှံပေး

ကံမ  မတ်  ၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိသည့်ပြည်သူများအား ယမန်နေ့ကစတင်ပြီး ကျန်းမာရေးဝန်ထမ်းများက မိုဘိုင်းစနစ်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ အဖွဲ့(၆)ဖွဲ့ခွဲပြီး အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ဒေသခံပြည်သူများနှင့် သက်ကြီး ဘိုးဘွားများအား ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံ ပေးလျက်ရှိပြီး   ကိုဗစ်-၁၉ ရောဂါ အန္တရာယ် ကင်းဝေးစေရန်နှင့် ကူးစက်ပြန့်ပွားမှု လျော့နည်းစေရန်အတွက် တစ်မြို့နယ်လုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာခိုင်နှုန်းအပြည့်အဝ လွှမ်းခြုံစွာ ထိုးနှံပြီးစီးနိုင်ရေးအတွက် မိုဘိုင်းစနစ်ဖြင့် ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံ ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)