မိုင်းလုံ မတ် ၉
ရှမ်းပြည်နယ်( မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် သတ္တမအကြိမ်မြောက် တပေါင်းပွဲဖလား အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယမန်နေ့က မိုင်းလုံမြို့ ဘောလုံးကွင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အားကာကော်မတီမှ နာယက ဦးဘိုအေးက အားကစားစိတ်ဓာတ် အပြည့်ဖြင့် ယှဉ်ပြိုင်ကစားကြစေလိုကြောင်း၊ အားကစားသမားများကလည်း ကွင်းလယ်ဒိုင်၏ စည်းကမ်းချက်များကို စနစ်တကျလိုက်နာကစားကြရန်နှင့် ကွင်းလယ် ဒိုင်၊ စည်းကြပ်ဒိုင်များအနေဖြင့် ဘက်လိုက်မှုမရှိဘဲ စည်းကမ်းအတိုင်း ဆောင်ရွက်ပေးရန်ပြောကြားပြီး ဖွင့်ပွဲကို မိုင်းလုံ လူငယ်အသင်းနှင့် နောင်ဟိုင်ကျေးရွာအသင်းတို့ယှဉ်ပြိုင်ကစားခဲ့ကြောင်းသိရသည်။
အဆိုပါ အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲအား ပြိုင်ပွဲဝင်အသင်း (၆)သင်းပတ်လည် ကစားမည်ဖြစ်ရာ တစ်ရက် လျှင် (၂)ပွဲ မတ်လ(၈)ရက်နေ့မှ(၁၆)ရက်နေ့အထိ (၈)ရက်ကြာ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဖွင့်ပွဲသို့ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)