ကွမ်းခြံကုန်း မတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် အတွင်းရှိ အသေးစား ချေးငွေလုပ်ငန်းအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်စခန်းမှ ဦးစီးမှူး ဦးမြတ်သူထိုက် ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ယမန်နေ့တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်စခန်း ဦးစီးမှူး ဦးမြတ်သူထိုက်နှင့် တပ်ဖွဲ့ဝင် များက ကွမ်းခြံကုန်းမြို့နယ အသေးစားချေးငွေလုပ်ငန်းအား မြေပြင်အခြေအနေ၊ မီးဘေးကြိုတင် ကာကွယ်ရေးပစ္စည်းများ ထားရှိမှုရှိ/မရှိ၊ မီးသတ်ဆေးဘူး ဆောင်ရွက်ထားရှိမှု၊ မီးဘေးလုံခြုံရေးအတွက် မီးသတ်ပစ္စည်း ကရိယာများ ထားရှိမှု၊ အရေးပေါ်အခြေအနေများတွင် အသုံးပြုနိုင်မည့် မီးသတ်ပစ္စည်း ကြံ့ခိုင်မှုရှိ/မရှိနှင့် စစ်ဆေးကြည့်ရူခဲ့ကြောင်း သိရသည်။
ထိုသို့မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးများ စစ်ဆေးဆောင်ရွက်ခြင်းဖြင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း မီးသတ်စခန်း ဦးစီးမှူး ဦးမြတ်သူထိုက်ထံမှ သိရသည်။
(ဆွေနွယ်IPRD)