ဘူးသီးတောင်မြို့၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းနှင့် Maskတပ်ဆင်မှုရှိ/မရှိစစ်ဆေးဆောင်ရွက်

ဘူးသီးတောင် မတ်လ ၉

ရခိုင်ပြည်နယ် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များဦးဆောင်၍ ဌာနဆိုင်ရာများပူးပေါင်းကာ ယနေ့နံနက် (၉)နာရီ အချိန်က ဘူးသီးတောင်မြို့၊ မြို့မစည်ပင်သာယာစျေးရှေ့၌ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ယာဉ်များ စနစ်တကျထားရှိနိုင်ရေး ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဦးအောင်ကျော်ကျော်က ပြည်သူများအနေဖြင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရေးယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာကြရန်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်အသုံးပြုသူများအနေဖြင့် ယာဉ်များကို စနစ်တကျ မောင်းနှင်းကြရန်တို့ကို အသိပညာပေးဟောပြောခဲ့ပြီး စျေးရောင်/စျေးဝယ် လာသူများ၊ လမ်းသွား/ လမ်းလာသူများMask တပ်ဆင်မှုရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအသိပညာပေး ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှကျော် ( ပြန်/ဆက်)