မိုင်းလုံ မတ် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိနေသော ကျေးရွာများရှိ အသက်(၁၈)နှစ်အထက်ပြည်သူများကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့ နံနက်(၈းဝဝ)အချိန့်ခန့်က မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနတွင် တာဝန်ရှိသူများက (Sinopharm) အမျိုးအစား ကာကွယ်ဆေးကို ထိုးနှံပေးကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးပထမအကြိမ် ထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျေးရွာများတွင် ကျန်ရှိသော အသက်(၁၈)နှစ်အထက် ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများ၊ ပရဟိတအဖွဲ့ဝင်များ၊ ဈေးသည်များ၊ ပို့ဆောင်ရေးအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကဝန်ထမ်း(၂၅)ဦးတို့ကို ထိုးနှံပေးခဲ့ပြီး ကျန်ရှိသောနေ့များတွင်လည်း ဆေးထိုးမည့်လူရှိပါက ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန် ရှိသူ တစ်ဦးထံမှသိရပြီး ဆေးထိုးခြင်းလုပ်ငန်းများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်နှင့်အညီ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာပေးခြင်း၊ အောက်ဆီဂျင်တိုင်းတာပေးခြင်း သွေးပေါင်ချိန်ခြင်းစသည့် ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းပြီးမှ ကာကွယ်ဆေးထိုးပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးပါကလည်း နာရီဝက်ခန့် စောင့်ကြည့် ဆောင်ရွက်ပေးမှာဖြစ်ကြောင်း တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရှိရသည်။
ဇော်ဇော်(ပြန်/ဆက်)