သာယာဝတီမြို့တွင် RDT Test Kit ဖြင့် စစ်ဆေးကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ

သာယာဝတီ    မတ်   ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့အဝင်စစ်ဆေးရေးဂိတ်တွင် သာယာဝတီခရိုင်အတွင်းနေထိုင်ပြီး တိုင်းပြင်ပရှိမြို့များအား သွားရောက်ပြီးခရိုင်အတွင်းသို့ ပြန်လည် ဝင်ရောက်လာသော ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကျန်းမာရေး ဝန်ထမ်း များနှင့် မြို့ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ နေ့စဉ်RDT Test Kit  ဖြင့်စစ်ဆေးခဲ့ကြမည်ဖြစ်ကြောင်း သိရသည်။

စစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးကော်မတီဝင်များ၊ ကျန်းမာရေးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့များဖြင့် အသွားအလာများ၊ဌာနဆိုင်ရာများက မြို့အဝင် ဂိတ်တွင် မော်တော်ဆိုင်ကယ်၊ မော်တော်ကား များအား ရပ်တန့်စေပြီး ခရိုင်အတွင်းရှိ ခရီးပြန်ပြည်သူများကို RDT Test Kit  ဖြင့် ချက်ခြင်းစစ်ဆေးကာ ရောဂါပိုးတွေ့ရှိ သူများအား ဆေးကုသမှုခံယူစေခြင်းလုပ်ငန်းများကို တင်းကြပ်စွာ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့လုပ်ဆောင်ရခြင်းမှာ မြို့နေပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု စည်းကမ်းချက်များကို မပေါ့ဆဘဲ ဆက်လက်လိုက်နာကြစေရန်နှင့် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှုပြည်တွင်း၌ တွေ့ရှိလာနေ သဖြင့် နယ်စပ်မြို့ဖြစ်သည့် မိမိတို့မြို့ အနေနှင့် သတိကြီးစွာထားကြစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

သန့်ဇော်(သာယာဝတီ)