တွံတေးမြို့နယ်၌ ၂၀၂၂ခုနှစ် တက္ကသိုလ်၀င်ခွင့်စာမေးပွဲသို့ ကျောင်းသား/သူ(၉၃၃) ဦး၀င်ရောက် ဖြေဆိုမည်

တွံတေး မတ်  ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီ ၉ရက်နေ့ အတွင်း ပြုလုပ်မည့်တက္ကသိုလ်၀င်ခွင့်စာမေးပွဲတွင် စာစစ်ဌာန (၂)ခုတွင် အတွင်းဖြေဆိုသူ (၆၅၈)ဦးနှင့် အပြင်ဖြေဆိုသူ ( ၂၇၅ ) ဦးစုစုပေါင်း (၉၃၃) ဦးတို့က ယမန်နေ့အထိဖြေဆိုခွင့်လျှောက်လွှာများကို တင်သွင်းထားကြောင်းသိရသည်။

တွံတေးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၁)နှင့် အခြေခံပညာ အထက်တန်း ကျောင်းခွဲ(၁၃)ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း(၂)ကျောင်း စုစုပေါင်း ကျောင်းပေါင်း (၂၆)ကျောင်းတွင် ဖြေဆိုသည့်ကျောင်း (၂၄) ကျောင်းမှ အတွင်းဖြေအတွဲ(၁)ဖြေဆိုသူ ကျောင်းသား(၂၂၁) ဦး၊ ကျောင်းသူ(၂၉၀)ဦး၊ စုစုပေါင်း (၅၁၁)ဦး၊ အတွဲ (၂)ဖြေဆိုသူ ကျောင်းသား (၁၇) ဦး၊ကျောင်းသူ(၁၅)ဦး စုစုပေါင်း (၃၂)ဦး၊ အတွဲ(၇)ဖြေဆိုသူ ကျောင်းသား (၂၉)ဦး၊ ကျောင်းသူ(၈၆)ဦး စုစုပေါင်း(၁၁၅)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

မြို့နယ်ချုပ်အ‌နေဖြင့် အတွဲ(၁) အတွင်းဖြေဆိုသူ ကျောင်းသား( ၂၂၁ )ဦး၊ကျောင်းသူ( ၂၉၀)ဦး စုစုပေါင်း (၅၁၁ )ဦး၊ပြင်ပဖြေဆိုသူ ကျောင်းသား (၉၄ )ဦး ၊ကျောင်းသူ (၁၂၃)စုစုပေါင်း (၂၁၇) ဦး၊အတွဲ (၂ )အတွင်းဖြေဆိုသူ ကျောင်းသား(၁၇)ဦး၊ကျောင်းသူ (၁၅)ဦး၊စုစုပေါင်း (၃၁) ဦး၊ပြင်ပဖြေဆိုသူ ကျောင်းသား(၁၀) ကျောင်းသူ(၉) စုစု ပေါင်း(၁၉)ဦး၊ အတွဲ( ၇ )မှ အတွင်းဖြေဆို သူကျောင်းသား (၂၉)ဦး ၊ကျောင်းသူ (၈၆)ဦး၊ စုစုပေါင်း (၁၁၅)ဦး၊ပြင်ပဖြေဆိုသူ ကျောင်းသား(၅)ဦး၊ကျောင်းသူ(၂၄)ဦး စုစုပေါင်း(၃၉)၊ မြို့နယ် ချုပ်အနေဖြင့် တက္ကသိုလ် ၀င်ခွင့်ဖြေဆိုသူ အတွင်းဖြေ၊ ပြင်ပဖြေအတွဲ(၁)တွင် ကျောင်းသား၊ ကျောင်းသူ (၇၂၈)ဦး၊ အတွဲ(၂)တွင် အတွင်းဖြေ၊​ ပြင်ပဖြေကျောင်းသား၊ ကျောင်းသူ(၅၁)ဦး၊ အတွဲ( ၇)တွင်အတွင်းဖြေ၊ ပြင်ပဖြေ ကျောင်းသား၊ကျောင်းသူ( ၁၅၄)ဦး စုစုပေါင်း (၉၃၃)ရှိကြောင်း တာဝန်ရှိသူ တစ်ဦးထံမှ သိရှိရသည်။

တွံတေးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပင်မဆောင်တို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

တွံတေးသား