စစ်ကိုင်း မတ် ၁၀
စစ်ကိုင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးအောင်ဖြိုးက သင်တန်းဖွင့်အမှာစကားဆွေးနွေးရာ မိမိတို့ဌာနအနေဖြင့် ယခုလို သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း ယခုသင်တန်းမှာလည်း တက်ရောက်ခွင့် ရရှိခဲ့ကြသည့် သင်တန်းသား/ သင်တန်းသူများအနေဖြင့် စိတ်ဝင်စားစွာသင်ယူသွားကြပြီး သင်တန်းဆင်းပါက တစ်ပိုင်တစ်နိုင်လုပ်ငန်းအဖြစ် စတင်အကောင်အထည်ဖော်ကာ လက်တွေ့ ဆောင်ရွက် လုပ်ကိုင်သွားကြစေလိုကြောင်း၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းမှသည် အောင်မြင်သည့် လုပ်ငန်းရှင်ဖြစ်အောင် ကြိုးစားသွားကြပါလို့ အဓိကဆွေးနွေးပြောကြားလိုကြောင်း စသည်ဖြင့် ဆွေးနွေးပေးခဲ့သည်။
အဆိုပါသင်တန်းကို (၇)ရက်ကြာ စာတွေ့/ လက်တွေ့ သင်တန်းဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား ဦးရေ(၂၀)တက်ရောက်ကြကာ သင်တန်းဖွင့်ပွဲသို့ စစ်ကိုင်းခရိုင်/ မြို့နယ် ဌာနဆိုင်ရာများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်