Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
သာစည်မြိုနယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Mar 10,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြိုနယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများက သတ်မှတ်ဆေးထိုးစုရပ်များ၌ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမျိုးသမီးငယ်များ လုပ်အကိုင်အခွင့်အလမ်းရရှိစေရန် အိမ်တွင်းမှုအသက်မွေးဝမ်းကျောင်း သင်တန်း ဖွင့်လှစ်
Mar 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန( Commu nity Centre)တွင် အမျိုးသမီးငယ်များ အိမ်မှုကိစ္စအပြင် တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းသင်တန်းများတက်ပြီး မိသားစုကိုတစ်ဖက်တစ်လမ်းမှတစ်ဆင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်အခြေခံမှတစ်ဆင့် အဆင့်မြင့်သင်တန်းများအတွက် အခြေခံရရှိရေး တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းမှ အပိုဝင်ငွေရှာနိုင်ရန်မိသားစုဝင်ငွေတိုးစေရန်ရည်ရွယ်၍ဆပ်ပြာဆီ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲကလူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မတ္တရာမြို့နယ်၌ ၇၇နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကျပန်းစကားပြော၊ ဆေးရောင်ခြယ်နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပ
Mar 10,2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော ၇၇နှစ် မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အကြိုစာစီစာကုံး၊ ကျပန်းစကားပြော၊ ဆေးရောင်ခြယ်နှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ များကို မတ်လ ၈ရက်၊ ၉ရက်နှင့် ၁၀နေ့တို့တွင် မတ္တရာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Center တွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို နေ့စဉ်ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိ
Mar 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးညွန့်ဦးနှင့် ဝန်ထမ်းအဖွဲ့များသည် ယမန်နေ့၊ နံနက် ၁၀ နာရီက အမှတ် (၁၃) ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘိုကလေးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်
Mar 10,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲ (၃)နာရီအချိန်၌ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီမြို့တွင် အသက်(၁၈)နှစ်ပြည့်ပြီးသူများအား (COVID-19)ရောဂါ ကာကွယ်ဆေး ပထမ/ ဒုတိယ/ ဆက်လက်ထိုးနှံပေး
Mar 10,2022
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်သိုက်ထွန်း၏ ကြီးကြပ်မှုဖြင့် မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် သားဖွားဆရာမ ဒေါ်မာမာခိုင်နှင့် ဝန်ထမ်
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့ မြို့ဝင်/မြို့ထွက်ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
Mar 10,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ခရီးသွားပြည်သူများအား ကာကွယ်ဆေထိုးနှံပေးခြင်းကို ယနေ့ နံနက် (၈) နာရီအချိန်ခန့်က မြို့ဝင်/မြို့ထွက် ဂိတ်များတွင် ကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက် တစ်အိမ်ဆင်း ကွင်းဆင်း စစ်ဆေး
Mar 10,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇင်မင်း ဦးဆောင်၍ တပ်ဖွဲ့ဝင်များက ယနေ့နံနက်(၁၀)နာရီ အချိန်က အမှတ်(၄)ရပ်ကွက်၊အမှတ်(၅)အတွင်းရှိ နေအိမ်များသို့ သွားရောက်၍ မီးဘေးလုံခြုံရေးရှိစေရန် တစ်အိမ်တက်ဆင်း ကွင်းဆင်း စစ်ဆေး၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22123
Page
22124
Page
22125
Page
22126
Current page
22127
Page
22128
Page
22129
Page
22130
Page
22131
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department