တံတားမြို့၌ ၂၀၂၂ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲသို့ ကျောင်းသား/ကျောင်းသူ(၂၂၄)ဦးဝင်ရောက်ဖြေဆို

တံတား မတ် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် ၂၀၂၂ခုနှစ်၊ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကျောင်းသား/ကျောင်းသူ (၂၂၄) ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲကို တံတားမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် မတ်လ (၃၁) ရက်နေ့မှ ဧပြီလ (၉) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ကျောင်းတွင်းဖြေဆိုသူ (၁၈၉) ဦး၊ ပြင်ပဖြေဆိုသူ (၃၅) ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၂၂၄) ဦး တို့မှ သက်ဆိုင်ရာဘာသာရပ်အလိုက် ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်းနှင့် တံတားမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်ကြီးကြပ် မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများမှလည်း ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ကြိုတင်စီစဉ် ဆောင်ရွက်ထားလျက်ရှိကြောင်း သိရသည်။

မိုးဖြူလွင်(ပြန်/ဆက်)