ဒေါပုံ မတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို ရပ်ကွက်များအတွင်းသို့ နေ့စဉ် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီက ဒေါပုံမြို့နယ် ကြည်စုရပ်ကွက်အတွင်းရှိ ပြည်သူများကို ကွင်းဆင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒေါပုံမြို့နယ်ရုံးမှ ဒုတိယဦးစီးမှူး ဒေါ်သင်းသင်းမူနှင့် ဝန်ထမ်းများက ဒေါပုံမြို့နယ် ကြည်စုရပ်ကွက်အတွင်းရှိ ပြည်သူများအားပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့်ပြီးသူ (၁၅)ဦး၊ အသက်(၁၈)နှစ် ပြည့်ပြီးသူ (၂၀)ဦး တို့အတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်း(၁၁)ဦး စုစုပေါင်း(၄၆)ဦးတို့အတွက် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်နေပြည်သူများ ယခင်ဆောင်ရွက်ထားပြီးသော နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်များကို ပေးအပ်ခြင်း၊ အိမ်ထောင်စုစာရင်းမရှိသူများအား အသစ်ပြုလုပ်ပေးခြင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား မြေပြင်တွင် တိုက်ဆိုင်၍ ရှိ /မရှိ စစ်ဆေးခဲ့ပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား သက်ဆိုင်ရာရုံးနှင့် ညှိနှိုင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)